Rights to Respect amidst the era of climate change: Regional Learning Workshops on Indigenous Women and Customary Land Tenure

3 Sep 2018

ပွိုင့်ရိုးရာဝန်းကျင်မြှင့်တင်ရေးအဖွဲ့မှဦးဆောင်ကျင်းပသောဌာနေတိုင်းရင်းသူအမျိုးသမီးများနှင့်ဓလေ့ထုံးတမ်းမြေယာပိုင်ဆိုင်မှုဆိုင်ရာအာရှအဆင့်အလုပ်ရုံဆွေးနွေးပွဲ ကိုအင်းယားလိတ်ဟိုတယ်ရန်ကုန်မြို့တွင် ၂၈.၈.၂၀၁၈ မှ ၃၀.၈.၂၀၁၈ထိ၃ရက်တာပြုလုပ်ကျင်းပခဲ့ပါသည်။

ဆွေးနွေးပွဲတွင်အဓိကအားဖြင့်ဌာနေတိုင်းရင်းသူအမျိုးသမီးများ၏အခွင့်အရေးများနှင့်ရိုးရာဓလေ့ဆိုင်ရာမြေယာပိုင်ဆိုင်မှုအခွင့်အရေးများအကြောင်း၊မြေယာအသုံးချမှုနှင့်ဌာနေတိုင်းရင်းသူအမျိုးသမီးများ၏အခန်းကဏ္ဍများအကြောင်းနှင့်ရာသီဥတုပြောင်းလဲခြင်းကိုတုံ့ပြန်ရာတွင်ဌာနေတိုင်းရင်းသူများ၏အခန်းကဏ္ဍများအကြောင်းကိုဆွေးနွေးသွားခဲ့ကြပါသည်။

ပထမရက်တွင်

ဖိလစ်ပိုင်နိုင်ငံမှ ဆရာမ Atty.Edna Maguigad(Regional policy and governance adviser, NTFP Asia) မှမြေယာ၊ပိုင်နက်နယ်မြေများ၊သဘာဝသယံဇာတနှင့်သစ်တောကဏ္ဌများတွင်ဌာနေတိုင်းရင်းသူအမျိုးသမီးများ၏အခွင့်အရေးနှင့်ဆက်စပ်ပြီးဖိလစ်ပိုင်နိုင်ငံ၏မူဝါဒများနှင့်ဥပဒေများအကြောင်းကိုတင်ပြပြောကြားခဲ့ပါသည်။

Indigenous women rights to land, natural resources including forests in law and policies in the Philippines_ Atty.Edna Maguigad( (Regional policy and governance adviser, NTFP Asia)

*********************************************************************

ဆရာမနော်ခူခူဂျူး(ဒို့မြေကွန်ယက်)မှ ရိုးရာဓလေ့ထုံးတမ်းမြေယာအသုံးချခြင်းနှင့်မြေယာအခွင့်ရေးဆိုင်ရာဌာနေတိုင်းရင်းသူအမျိုးသမီးများ၏အခွင့်အရေးနှင့်ဆက်စက်ပြီးမြန်မာနိုင်ငံရှိမူဝါဒများနှင်ဥပဒေများအကြောင်းသုံးသပ်တင်ပြပြောဆိုခဲ့ပါသည်။

OVERVIEW THE IP WOMEN RIGHTS & CUSTOMARY LAND TENURE IN EXISTING LAND RELATED LAW IN MYANMAR_Khu Khu Ju, LIOH

*********************************************************************

နီပေါနိုင်ငံမှ မှ Dr.Pasang Sherpa,the chairperson of CIPREDမှ ရိုးရာဓလေ့ထုံးတမ်းမြေယာနှင့်သစ်တောအသုံးချမှုဆိုင်ရာအမျိုးသမီးများ၏ရှုထောင့်ဆိုင်ရာသုတေသနအတွေ့အကြုံများကိုတင်ပြပြောဆိုခဲ့ပါသည်။

 Nepal’s Experience from the Perspectives of indigenous women on customary land and forest tenure system in Nepal_ PasangSherpa, PhD, CIPRED

*********************************************************************

အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီမှအတွင်းရေးမှူးဖြစ်သောဆရာမနော်စူစန်းနာ လှလှစိုးမှအမှာစကားပြောကြားပေးခဲ့သည်။ငြိမ်းချမ်းရေးမှာဌာနေတိုင်းရင်းသားများ၊ဓလေ့ထုံးတမ်းများနှင့်မြေယာပိုင်ဆိုင်မှုများကလည်းအရေးကြီးကြောင်းပြောဆိုခဲ့ပါသည်။

 see more Day One Activities >>

ဒုတိယရက်တွင်
မလေးရှားမှ ဆရာမ Maslah Rompadoမှဌာနေတိုင်းရင်းသူအမျိုးသမီးများမြေယာနှင့်ပတ်သက်သောအခွင့်အရေးများနှင့်ရိုးရာဓလေ့ဆိုင်ရာအခွင့်အရေးများအကြောင်းမလေးရှားနိုင်ငံ၏အတွေ့ကြုံများကိုတင်ပြခဲ့ပါတယ်။
မလေးရှားနိုင်ငံရှိဌာနေတိုင်းရင်းသားများ၏မြေယာများကိုကုမ္ပဏီများလာရောက်သိမ်းယူခဲ့ကြောင်းပြောပြခဲ့ပါတယ်။

Malaysia Experience on IP Women Land Rights & Customary Land Tenure _ Maslah Rompado, IP Organization: Mawasi (Sabah, Malaysia)                                                                          

See more Persentation>>

*********************************************************************

ဆရာမ Thian Nei Cung, Project Manager, NiNu(Women in Action Group) မှချင်းပြည်နယ်ရှိဓလေ့ထုံးတမ်းမြေယာအသုံးချမှုနှင့်ဌာနေတိုင်းရင်းသူအမျိုးသမီးများ၏အခန်းကဏ္ဍများကိုတင်ပြပြောဆိုခဲ့ပါသည်။ Ashoချင်းဓလေ့ထုံးတမ်းများတွင်အမျိုးသမီးများသည်ကိုယ်ပိုင်ဆုံးဖြတ်ချက်ချပိုင်ခွင့်မရှိပဲအမျိုးသားများ၏အုပ်ချုပ်မှုအောက်တွင်နေထိုင်ရပါသည်။ အမျိုးသမီးများသည်မွေးစကပင်ဧည့်သည်ဟုသတ်မှတ်ခံရပြီးအမျိုးသားများသည်မွေးစကပင်ပိုင်ရှင်ဟုသတ်မှတ်ခံရပါသည်။ လက်ထပ်ထိမ်းမြားလျှင်လည်းအမျိုးသားများသည်မင်္ဂလာကြေးပေးပြီးတောင်းရန်းယူကြပါတယ်။ ထိုသို့တောင်းရန်းခြင်းကြောင့်အမျိုးသားများသည်အမျိုးသမီးများအားတန်းတူဟုမသတ်မှတ်တော့ပဲဝယ်ထားသောပစ္စည်း၊မိမိအပိုင်ပစ္စည်းဟုသာသတ်မှတ်ကြပါသည်။ လက်ထပ်ပြီးနောက်အမျိုးသမီးများသည်အမျိုးသားများဘက်သို့သာလိုက်ပါရပြီးအမျိုးသားမျိုးနွယ်စုထဲသို့သာဝင်ရပါသည်။ မိဘအမွေဆက်ခံခြင်းများတွင်လည်းအမျိုးသမီးများသည်အမျိုးသားများထပ်ရရှိမှုနည်းပါးပါသည်။

အိမ်ရှင်ဖြစ်ခွင့်မရှိသည့်ဧည့်သည်များ_ Thian Nei Cung, Project Manager, NiNu(Women in Action Group)                                                                                     

See more Presentation>>  

*********************************************************************

ထိုင်းနိုင်ငံမှဆရာမMs.Katima Leejz(Indigenous women Network)မှထိုင်းနိုင်ငံရှိဌာနေတိုင်းရင်းသူအမျိုးသမီးများ၏မူဝါဒလျှောက်လဲခြင်းနှင့်လှုပ်ရှားမှုများအကြောင်းတင်ပြပြောဆိုခဲ့ပါသည်။ ထိုင်းနိုင်ငံတွင်လည်းဌာနေတိုင်းရင်းသားများအမြောက်အများရှိပါသည်။အချို့တိုင်းရင်းသားများ၏မြေယာများကိုဥပဒေမှချုပ်ထားပါတယ်။ ဥပဒေမှထိုမြေမနေရဟိုမြေမနေရဖြင့်ချုပ်ကိုင်ခြင်းကြောင့်တစ်ချို့သောဌာနေတိုင်းရင်းသားများ၏မြေယာများဆုံးရှုံးရပါတယ်။ ထိုသို့သောအရာများအားပြန်လည်တုံ့ပြန်ရန်ဌာနေတိုင်းရင်းသားများဝိုင်းဝန်းပြီးလိုအပ်သောစာရွက်စာတမ်းများပြုစုခြင်းစည်းလုံးမှုယူခြင်းများပြုလုပ်ကြပါသည်။ ထို့အပြင်အဖွဲ့စည်းများဖြင့်ပူးပေါင်းလုပ်ဆောင်ခြင်း၊သင်တန်းများပေးခြင်းများကိုလည်းပြုလုပ်ပါသည်။ ထိုသို့လုပ်ဆောင်ရခြင်းကအနာဂတ်မှာမြေယာဆုံးရှုံးမှုများမရှိပဲလုပ်ပ်ိုင်ခွင့်များရယူပ်ိုင်ဆိုင်မှုများတည်မြဲရရှိနေဖို့ဖြစ်ပါတယ်။

IPs Women advocacy & Movement in Thailand_ Katima Leeja, Indigenous Women Network of Thailand (IWNT)

See more Presentation>>

တတိယရက်တွင်
နီပေါမှ ဆရာ Tunga Bhadra Rai, National Coordinator (NEFIN Climate Change Program) မှ ကမ္ဘာကုလသမဂ္ဂရာသီဥတုပြောင်းလဲခြင်းဆိုင်ရာမူဘောင်နှင့်ပဲရစ်သဘောတူညီချက်တွင်ပါရှိသောရာသီဥတုပြောင်းလဲခြင်းကိုတုံ့ပြန်ရာတွင်ဌာနေတိုင်းရင်းသူအမျိုးသမီးများ၏အခွင့်ရေးနှင့် အခန်းကဏ္ဍအကြောင်းကိုတင်ပြပြောဆိုခဲ့ပါတယ်။ရာသီဥတုပြောင်းလဲခြင်းသည်ကြီးမားသောစိန်ခေါ်မှုဖြစ်ပါတယ်။ ထိုပြသနာနှင့်ပတ်သက်ပြီးညီလာခံများပြုလုပ်လျက်နှစ်စဉ်နှစ်တိုင်းတိုင်ပင်ဆွေးနွေးမှုများပြုလုပ်ကြပါသည်။ တိုးတက်ပြီးဖြစ်သောနိုင်ငံများသည်ကာဗွန်ဒိုင်အောက်ဆိုဒ်အများဆုံးထုတ်လုပ်ပြီးရာသီဥတုပြောင်းလဲခြင်းဖြစ်ပေါ်စေသောအရာများပြုလုပ်သောနိုင်ငံများဖြစ်ပါတယ်။ ဒါကြောင့်တိုးတက်ဆဲရှိနေသောနိုင်ငံများရာသီဥတုပြောင်းလဲခြင်းများနဲ့ပတ်သက်ပြီး ထောက်ပံ့ကူညီဖို့တာဝန်ရှိကြောင်းပြောကြားခဲ့ပါတယ်။ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်မှုနည်းပါးစေရန် REDD+ လုပ်ငန်းစဉ်များလိုက်နာရန်လိုအပ်ကြောင်းပြောဆိုခဲ့ပါတယ်။
ရာသီဥတုပြောင်းလဲခြင်းတုံ့ပြန်မှုတွင်ဌာနေတိုင်းရင်းသားများကလည်းပါဝင်ကြောင်းပြောဆိုခဲ့ပါတယ်။ဌာနေတိုင်းရင်းသားများသည်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ရန်အသိပညာများရှိကြောင်း၊ သဘာဝအကြောင်းကိုသိရှိပြီးသဘာဝနဲ့ရင်းနှီးသူများဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ထို့အပြင်ဌာနေတိုင်းရင်းသားများသည်သစ်တောများကိုဘယ်လိုထိန်းသိမ်းရမည်ကိုလည်းသိရှိကြသည်။ ဌာနေတိုင်းရင်းသားများ၏အခွင့်ရေးနှင့်အသက်မွေးဝမ်းကြောင်းများကိုလည်းလေးစားရမည်ဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။

 Indigenous Women’s Role and Rights in Climate Change Response: UNFCCC and Paris Agreement vis-à-vis Indigenous Women_Tunga Rai, Nepal Federation of Indigenous Nationalities (NEFIN), Nepal                                                                     

See more Presentation>>

*********************************************************************

ဆရာမမိုင်သင်းယုမွန်(ချင်းလူ့အခွင့်အရေးအဖွဲ့)မှရပ်ရွာဌာနေအဆင့်ရာသီဥတုပြောင်းလဲခြင်းကိုတုံ့ပြန်ရာတွင်ဌာနေတိုင်းရင်းသူများ၏အခန်းကဏ္ဍကိုတင်ပြပြောဆိုခဲ့ပါသည်။ ချင်းဌာနေတိုင်းရင်းသားတွေဟာရွေ့ပြောင်းတောင်ယာလုပ်ကိုင်ကြပါတယ်။ရပ်ရွာများတွေကထိန်းသိမ်းသောသစ်တောတွေကပိုမိုကောင်းမွန်ခိုင်မာကြောင်းပြောဆိုခဲ့ပါတယ်။ ရွေ့ပြောင်းတောင်ယာလုပ်ကိုင်ခြင်း၊သစ်တောထိန်းသိမ်းခြင်းများတွင်လည်း အမျိုးသမီးများ၏အခန်းကများဟာလည်းအရေးပါကြောင်းတွေ့ရှိရပါတယ်။ ရွေ့ပြောင်းတောင်ယာ၊မြေယာလုပ်ကိုင်ခြင်းများတွင်လည်းအမျိုးသမီးများသည် ၇၅ ရာခိုင်နှုန်းလုပ်ကိုင်နေကြပါသည်။ဓလေ့ထုံးတမ်းများအရအမျိုးသမီးများသည်မြေယာနှင့်သက်ဆိုင်မှုမရှိဟုဆိုသော်လည်းအမျိုးသမီးများကပဲစီမံခန့်ခွဲတာများကိုတွေ့ရပါတယ်။ စားဝတ်နေရေးစီမံခန့်ခွဲမှုများလည်းပြုလုပ်ပြီးသစ်တောထိန်းသိမ်းမှုပိုင်းတွင်လည်းပိုမိုကောင်းမွန်ခြင်းရှိကြောင်းပြောဆိုခဲ့ပါသည်။

Sharing community experience on Promoting Women’s Role in sustainable forest management and livelihoods in Southern Chin_Mai Thin Yu Mon, Director, Indigenous Peoples Development Program, Chin Human Rights Organization                                                                       

See more Presentation>>