သစ်တောသယံဇာတများအား ကာကွယ်ရေး နေပြည်တော်တွင် ဆွေးနွေး

12 Jul 2017

အာရှဒေသတွင်း REDD+ အကောင်အထည်ဖော်ဆောင်ရွက်မှု အစီအစဉ်မှာ ဌာနေ တိုင်းရင်းသားတွေရဲ့ စေ့စပ်ညှိနှိုင်းမှု အတွေ့အကြုံဖလှယ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်မှာရှိတဲ့ Horizon Lake View Resort မှာ ဇွန် ၁၉ ရက်နေ့က ကျင်းပပါတယ်။

REDD+ ဆိုတာဟာ ရာသီဥတု ပြောင်းလဲဖောက်ပြန်ခြင်းကို တိုက်ဖျက်ရာမှာ အထောက်အကူပြုနိုင်ဖို့အတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေက သစ်တော သယံဇာတတွေကို ကာကွယ်ရေး ပိုမိုကောင်းမွန်စွာ စီမံအုပ်ချုပ်နိုင်ဖို့နဲ့ အကျိုးရှိရှိ အသုံးချဖို့အတွက် ထောက်ပံ့ကူညီတဲ့ မူဝါဒရေးရာ မက်လုံးပေးတဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။

သစ်တောဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးတင်ထွန်းက “REDD+ လုပ်ငန်းစဉ်များမှာ သစ်တောပြုန်းတီးခြင်းနဲ့ သစ်တောအတန်းအစား ကျဆင်းခြင်းကို တားဆီးကာကွယ်ခြင်း၊ သစ်တောများ ထာဝစဉ် တည်တံ့စေရန် စီမံအုပ်ချုပ်ခြင်း၊ သစ်တောများ ထိန်းသိမ်းကာကွယ်ခြင်းနဲ့ သစ်တောစိုက်ခင်း တည်ထောင်ခြင်းလုပ်ငန်းစဉ်တွေ ပါဝင်ပါတယ်”လို့ ပြောပါတယ်။

ထိုင်း၊ နီပေါ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတွေက အဖွဲ့အစည်းတွေရဲ့ အတွေ့အကြုံ ဖလှယ်တာတွေကို ၂ ရက်ကြာ ကျင်းပချိန်မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အောင်ကိုကိုလတ် (နေပြည်တော်)

Ref https://goo.gl/Gk9dbJ