“FRA 2020 အစီရင်ခံစာကပြောသော မြန်မာနိုင်ငံသစ်တောများ၏ အခြေအနေ”

“FRA 2020 အစီရင်ခံစာကပြောသော

မြန်မာနိုင်ငံသစ်တောများ၏ အခြေအနေ”

ခေါင်းစဉ်ဖြင့် သစ်တောပညာရှင်ဖြစ်သူဦးတင်အေးမှ

သစ်တောထိန်းသိမ်းရာတွင် အစိုးရဝန်ထမ်းများ

မလောက်ငှမှုအခြေအနေများနှင့် ရန်ပုံငွေများအား

ယခုထက်ပိုမိုထောက်ပံ့ပေးခြင်းဖြင့်

ပိုမိုထိရောက်သော ကာကွယ်ထိန်းသိမ်းမှုကို

လုပ်ဆောင်နိုင်မည်ကို ကိုးကားတင်ပြခြင်း၊

အိမ်းနီးနားချင်းနိုင်ငံများဖြစ်သည့်

အိန္ဒိယနှင့်တရုတ်နိုင်ငံတို့၏ သစ်တောအခြေအနေနှင့်

စပ်လျဉ်း၍ ပြောဆိုတင်ပြခြင်း၊

မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှု

အခြေအနေများအား အိမ်နီးနားချင်းနိုင်ငံများနှင့်

ယှဉ်၍တင်ပြခြင်း၊ မြန်မာနိုင်ငံ၏

သစ်တောအခြေအနေအတွက် ရှေ့(၅)နှစ်တွင်

လုပ်ဆောင်သင့်သည့် နည်းလမ်းများ၊

ITTO Guideline နဲ့ပတ်သက်ပြီး

အကြံပြုတင်ပြခြင်း၊ တောကျန်များကို

ကာကွယ်ခြင်းနှင့်စီမံအုပ်ချုပ်ခြင်းဆိုင်ရာ

အကြောင်းအရာများတို့ကို

ပြောဆိုတင်ပြထားသည့် ရုပ်သံဗီဒီယိုအား

၂၀၂၀ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက်နေ့မှ ၁၈ရက်နေ့အထိ

ကျင်းပဆောင်ရွက်ခဲ့သော မြန်မာအစိမ်းရောင်ကွန်ရက်

(၉) ကြိမ်မြောက်တွေ့ဆုံပွဲ Zoom အွန်လိုင်းအခမ်းအနားမှ

တည်းဖြတ် ဖော်ပြလိုက်ရပါသည်။