ပွိုင့်အကြောင်း

ပွိုင့်-ရိုးရာဝန်းကျင်မြှင့်တင်ရေး အဖွဲ့အစည်း ဖြစ်တည်လာပုံ

ပွိုင့်-ရိုးရာဝန်းကျင် မြှင့်တင်ရေးအဖွဲ့အစည်းကို ၂၀၁၂ ခုနှစ် မတ်လတွင် စတင် တည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ဌာနေတိုင်းရင်းသားများ၏ အရေးအရာများအတွက် ဌာနေတိုင်းရင်းသားများကိုယ်တိုင် ဦးဆောင်၍ ကူညီဆောင်ရွက်ပေးသော လူမှုရေးအဖွဲ့အစည်းများမှာ ဘာသာရေးနှင့် လူမျိုးရေးကို အခြေခံ၍ လူသားချင်းစာနာထောက်ထားသော ဖွံ့ဖြိုးရေးလုပ်ငန်းများကိုသာ ဦးစားပေး လုပ်ဆောင်ကြပါသည်။ ထိုကြောင့် ဌာနေတိုင်းရင်းသားများ၏ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အသိအမြင် မြင့်တင်ပေးသောကွက်လပ်ကို ဖြည့်စည်းပေးရန်နှင့် ဌာနေတိုင်းရင်းသားနှင့် စပ်ဆိုင်သည့် အခွင့်အရေးများ မြှင့်တင်ပေးရန် ပွိုင့်ကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲအပြီး နိုင်ငံတော်အစိုးရသစ် စတင်ခဲ့ချိန်မှစ၍ ဖွံ့ဖြိုးရေးဆိုင်ရာ ရင်းနှီးမြုတ်နှံမှု စီမံကိန်းများစွာ ချမှတ်ခဲ့ပါသည်။ အများစုသောစီမံကိန်းများမှာ ယခင်က ပြည်တွင်းစစ်ဒဏ်ခံခဲ့ရသော ဌာနေတိုင်းရင်းသားတို့၏ ဒေသများတွင် ဆောင်ရွက်ခြင်းဖြစ်ပြီး ဌာနေတိုင်းရင်းသားအနေဖြင့် ငြိမ်းချမ်းရေးနှင့်ယှဉ်တွဲလာသော စီမံကိန်းများ၏ ကောင်းကျိုး ဆိုးကျိုးကို တွေ့ကြုံခံစားရမည်ဖြစ်ပါသည်။ ထို့ကြောင့် ပွိုင့် အဖွဲ့အစည်းအနေဖြင့် ဌာနေတိုင်းရင်းသားများသည် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုနှင့် ကောင်းမွန်သော သဘာဝ အရင်းအမြစ်များကို စီမံအုပ်ချုပ်သော စီမံကိန်းများအားဖြင့် အကျိုးခံစားရရှိနိုင်ရန်အတွက် အတူလက်တွဲ ဆောင်ရွက်လျက်ရှိပါသည်။

 

ရူပါရုံ

မြန်မာနိုင်ငံရှိ ဌာနေတိုင်းရင်းသားများသည် မိမိတို့၏ ဖြစ်တည်မှုဆိုင်ရာ အခွင့်အရေးများ ရရှိ၍ ရေရှည်တည်တံ့ခိုင်မြဲရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များတွင် ဌာနေတိုင်းရင်းသားများသည် အမျိုးသားအဆင့် အာရှဒေသအဆင့်နှင့် နိုင်ငံတကာတို့တွင် ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်နိုင်စေရမည်။

 

ဦးတည်ချက်များ

  • မြန်မာနိုင်ငံအတွင်း ဌာနေတိုင်းရင်းသားဆိုင်ရာ အခွင့်အရေးများကို အသိပညာပေးဆောင်ရွက်ရန်
  • ဌာနေတိုင်းရင်းသားနေထိုင်ရာဒေသများတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို မြှှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်ချက်များတွင် ပူးပေါင်းပါဝင်ရန်
  • မြန်မာနိုင်ငံရှိ ဌာနေတိုင်းရင်းသားများသည် အခွင့်အရေးကို အခြေပြုသော ဖွံ့ဖြိုးရေး အသီးအပွင့်များခံစားရရှိစေရန်အတွက် မူဝါဒ လျှောက်လဲခြင်းများ ဆောင်ရွက်ရန်
  • မြန်မာနိုင်ငံအဝှမ်း အမျိုးသားအဆင့် ဌာနေတိုင်းရင်းသားကွန်ယက်ချိတ်ဆက် ဆောင်ရွက်ရန်